ကျတော်ကျောင်းတွေတက်အလုပ်တွေလုပ် ဒါပေမယ့်ဘာတစ်ခုမှမအောင်မြင်ခဲ့ဘူး။ ဘဝကိုရရစားစားသွားသွားလာလာ မိဘကိုလဲထောက်ပံ့တာသိပ်မရှိ ဝင်ငွေကလဲမကောင်း အဲလိုပဲ နည်းပညာဆိုပြီး နေ့မအိပ်ညမအိပ်လျောက်လိုက်ပြီးတော့နေတာ အဲကြားထဲလဲအနှိမ်ခံရတာပေါ့လေ ဒါကတော့ထားပါတော့ သူတို့ တူဖြစ်အလှည့်ဆိုတော့လဲထုမှာပေါ့။ ထားပါတော့ အိမ်ကမသိအောင်ပိုက်ဆံတွေခိုးဘာညာ ပေါ့ဗျာ သောက်လိုက်စားလိုက် အလုပ်ကလဲမယ်မယ်ရရမရှိ အဲအချိန်သူ ကျတော့ဘဝထဲကို ဘာမှန်းမသိဝင်လာခဲ့တာပေါ့ ကျတော့ကိုနည်းပညာအရမ်းကျွမ်းတဲ့သူလို့ပဲသူထင်ခဲ့တယ် တကယ်တော့ကျတော့ ဟိုနည်းနည်းဒီနဲနဲ ဘာကောင်မှကိုမဟုတ်တာ သူကတော့တကယ်ကိုတော်ပြီးအရည်အချင်းရှိတဲ့သူပေါ့ အဲချိန်ကျတော်ကတော့ ဒီတိုင်းပေါ့ပေါ့ပါးပါးပဲကြိုက်လိုက်တာပေါ့လေ အဲဒါနဲ့ ၂၆ ဖေဖော်ဝါရီ ၂၀၁၄ မှာသူနဲ့ချစ်သူတွေဖြစ် သူကတော့အရူးအမူးပေါ့လေ ကျတော်ကတော့ဒီတိုင်းပဲ ဘုမသိဘမသိနဲ့တစ်ချိန်ပျက်မယ်ပေါ့လေ အဲချိန်စိတ်တွေကလဲဖိစီးနေတာ အလုပ်ကလဲမရှိ သူငယ်ချင်းဆိုသည်များကလဲသွားတဲ့လမ်းချင်းတော့တူပါရဲ့ ဒါမယ့်တကယ်တမ်းကျ ကိုယ်လွတ်ရုံးကျတာပဲလေ အဲလိုတွေဖြစ်တော့ စိတ်ရောကိုယ်ပါပေါင်းခဲ့တဲ့ကိုယ်တွေက စိတ်ဓါတ်တွေကျပီးလေတာပေါ့ အဲတော့ရပ်ကွက်ထဲကဘော်ဒါတွေနဲ့အရက်တွေသောက်ညတိုင်း နံမည်တောင်တွင်သွားသေးခွက်ပုံးဆိုပဲ 😆 အိုကေထားပါလေ အဲတော့ပိုက်ဆံမရှိပါဘူးဆိုညတိုင်းအရက်ကသောက်ချင်နေတော့ ကိုယ့်မှာတောင်းစရာကလဲ အိမ်ကိုပြောရင်ကအိမ်က ကိုယ်တွေကိုပြောမှာလေ အဲတော့ကိုယ်ကိုချစ်တဲ့သူကိုပဲတောင်းဆိုရတာပေါ့ အရက်ဆော်နံနေတဲ့ ပါးစပ်နဲ့ကောင်မလေးကိုသွားကြို ကောင်မလေးဆီက ပိုက်ဆံနေ့တိုင်းငါးထောင်ယူပြီးအိမ်ပြန်ညကျတော့ အဲပိုက်ဆံနဲ့အရက်သောက် ကောင်မလေးကဖုန်းခေါ်တာမကိုင် ဘယ်ကိုင်မလဲမူးနေတာကို သူကတော့နေ့တိုင်းကိုခွင့်လွှတ်ရှာတယ် ပိုက်ဆံလဲပေးရှာတယ် ကိုယ်တွေလမ်းဘေးဆိုင်ထိုင်မယ်ဆိုလမ်းဘေးဆိုင်မှာပဲလိုက်ထိုင်တယ် ဘာမှကိုမငြိုငြင်တာ အဲတော့ အဲလိုတွေနေ့တိုင်းနီးပါးဆိုတော့ သွားတွေ့တိုင်းဒီလူရင်ဘယ်ခံနိုင်တော့မလဲ ငါကတကယ်ကိုဆောက်သုံးမကျတဲ့သူပါလား ငါလိုလူကိုဒီလိုချစ်နိုင်တာ ဒီတစ်ယောက်အပြင်ပိုမရှိတော့ဘူး ဆိုပြီးအဲနေ့ကစကျတော် အရက်မသောက်တော့ပဲ အလုပ်ကိုပြန်လျောက်ပြီးတော့ သေချာပြန်လုပ်ခဲ့တယ် ကျတော့်ခေါင်းထဲမှာ တွေးလိုက်တာက ကျတော်နောက်ဘဝတွေရှိတဲ့ဒီချစ်သူနဲ့ဆုံရပါစေဆိုပြီးကျတော် ဆုတောင်းလိုက်တယ်... အမှန်ပါပဲ ဒီလိုချစ်သူမျိုးကျတော့်ဘဝမှာဘယ်တုန်းကမှထပ်မတွေ့နိုင်တော့ဘူး သေချာပါတယ်... အခုတော့ အဲဒီချစ်သူနဲ့ပဲ ကျတော်စင်ကာပူမှာအလုပ်တူတူလုပ်ပြီးတူတူနေနေပါတယ်..... ပြောချင်တဲ့အကြောင်းကတော့ဗျာ ဘယ်သူပဲဖြစ်ဖြစ်အပေါ်ယံလေးပဲဆုံးဖြတ်ပြီး မချစ်ကြပါနဲ့တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ပါ နားလည်မှုရှိဖို့ကအရေးကြီးပါတယ် နောက်ပီးယောကျာ်းလေးများကလဲ ကိုယ့်ပေါ်သစ္စာရှိတဲ့မိန်းကလေးတစ်ယောက်ကိုဘယ်တော့မှသစ္စာမပျက်မိပါစေနဲ့..
ချစ်တဲ့သူအားလုံးအဆင်ပြေကြပါစေ....
Comments
Post a Comment