ကျတော် ၂၀၁၁မှာ ကွန်ပျူတာ တက္ကသိုလ်ကနေဘွဲ့ရခဲ့တယ်။ တကယ်ဖြစ်ချင်တာကတော့ သင်္ဘောသားပေါ့လေ အဖေရောအကိုရော သင်္ဘောသားဆိုတော့လဲ ကိုလဲအဲဒီအလုပ်ကိုပဲလုပ်ချင်တာပေါ့။ ကြိုးလဲကြိုးစားခဲ့ပါတယ် ရေကြောင်းသိပ္ပံကျောင်းကိုတက်ဖို့ ဒါပေမယ့် ဆယ်တန်းလောကဓံက တော်တော်လေးနတ်ကြီးလေသလားမသိဘူး တက်ခွင့်မရခဲ့ဘူး။ အဲဒါနဲ့မှီတဲ့နေရာလေး လျောက်ပါဘာညာအိမ်ကပြောတော့ ကွန်ပျူတာတက္ကသိုလ်လေးရသွားရော။ အဲကနေပြီးကျောင်းတက် ကျောင်းပြီးတော့ အနှိမ်ခံ သူများအထိုးချခံနဲ့ကွန်ပျူတာ သင်တန်းလေးဘာလေးတက်ပီးအလုပ်ခွင့်ဝင် ဘာညာနဲ့ programming ဘာညာလေးတက်သွားတယ်ဆိုပါတော့ အလုပ်ကနေပဲသင်ပေးတာပါ။ နောက်မှသေချာ ဆက်ရေးပါတော့မယ်ကျတော့အကြောင်းကို။ အခုတော့ singapore မှာ အလုပ်လုပ်နေတယ်ပေါ့ဗျာ။
Comments
Post a Comment